ဘာစီလိုနာအသင်းအတွက် စပိန်နိုင်ငံကို ပြန်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
အာဂျင်တီးနားအသင်းရဲ့အသင်းခေါင်းဆောင် မက်ဆီဟာ လာမယ့် အင်္ဂါနေ့ည ၁၁ နာရီမှာ နိုင်ငံတကာခြေစမ်းပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားရမယ့် နိုင်ဂျီးရီးယားအသင်းနဲ့ပွဲစဉ်မှာ မကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ရုရှားအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပွဲချိန် မိနစ် ၉၀ အပြည့်ကစားပေးခဲ့တဲ့ မက်ဆီဟာ ဒဏ်ရာပြဿနာကြောင့်မဟုတ်ဘဲ ဘာစီလိုနာကို ပြန်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့မက်ဆီဟာ နိုင်ဂျီးရီးယားအသင်းနဲ့ယှဉ်ပြိုင်ကစားဖို့ ခရက်စ်နိုဒါကို ထွက်ခွာမယ့် အာဂျင်တီးနားအသင်းသားတွေနဲ့အတူ လိုက်ပါမှာမဟုတ်ဘူးလို့ အာဂျင်တီးနားအသင်းရဲ့ တရားဝင်တွစ်တာအကောင့်ကနေ ကြေညာခဲ့ပါတယ်။