ခရီးသည်အမျိုးသမီးတင်ပါးကိုင်ပြီး ယာဉ်ပေါ်ကနေ ဆွဲချခဲ့တဲ့ YBS ယာဉ်အကူကို ရာသက်ပန်ထုတ်ပယ်

YBS ၃၁ ယာဉ်လိုင်းက ယာဉ်အကူတစ်ဦး ဖြစ်ပါတယ်။ခရီးသည်အမျိုးသမီးကို တင်ပါးကိုင်ပြီး ယာဉ်ပေါ်ကနေ ဆွဲချခဲ့တဲ့ YBS ၃၁ ယာဉ်လိုင်းက ယာဉ်အကူတစ်ဦးကို ရာသက်ပန် ထုတ်ပယ်လိုက်တယ်လို့ ကုန်းဘောင်ရန်ကုန်အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ ဦးသန့်စင်ကြည်က မဇ္ဈိမသတင်းဌာနကို ပြောပါတယ်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်ကနေ ကုန်သည်လမ်း၊ လမ်း ၅ဝ မှတ်တိုင်အထိ ပြေးဆွဲနေတဲ့ YBS ၃၁ ယာဉ်လိုင်းပေါ်မှ ယာဉ်အကူဖြစ်သူ ဦးထွန်းလင်းဦးဆိုသူက နိုဝင်ဘာလ ၉ ရက်နေ့၊ မနက်ပိုင်း ၈ နာရီ ၄၅ မိနစ် အချိန်လောက်က လမ်း ၅ဝ မှတ်တိုင်မှာ ခရီးသည်တွေ အတင်အချပြုလုပ်နေတုန်း ခရီးသည်အမျိုးသမီးတစ်ဦးကို တင်ပါးကိုင်ပြီး ယာဉ်ပေါ်ကနေ ဆွဲချခဲ့တာလို့ ဆိုပါတယ်။
“ ဒါက ဘာပဲပြောပြော ကိုယ်ထိလက်ရောက်မှုဖြစ်သွားတယ်။ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့ ပြစ်ဒဏ် ၁၃၈ ချက်ထဲက အပိုဒ် ၄၆ အရ ယာဉ်လိုင်းကနေ ရာသက်ပန်ထုတ်ပယ်လိုက်ပါတယ်။ ယာဉ်အကူကို ကျွန်တော်တို့ စစ်ဆေးချက်အရ သူက ဝန်ခံတယ်။ သူ့အနေနဲ့ ထိမိသွားတယ်ပေါ့။ မတော်တဆထိသွားတယ် လို့ပြောတယ်။ ပြန်တောင်းပန်ခဲ့တာလည်း မရှိဘူးလို့ သိရတယ်။ တမင်သက်သက်လား.. မတော်တဆ လားဆိုတာကတော့ ကာယကံရှင်ပဲ သိလိမ့်မယ်။ ကျွန်တော်တို့က တရားဝင်တိုင်ကြားချက်အရ သူ့ကို ရာသက်ပန် ထုတ်ပယ်လိုက်ပါတယ်”လို့ ဦးသန့်စင်ကြည်က ပြောပါတယ်။YBS ယာဉ်လိုင်းတွေ စီးနင်းရာမှာ အဆင်မပြေမှုတွေကို နေ့ရက်၊ အချိန်၊ နေရာ၊ ကားနံပါတ်တွေနဲ့အတူ ဖြစ်စဉ်အကျဉ်းရေးသားပြီး လူမှုကွန်ယက် Facebook စာမျက်နှာနဲ့ (Yangon Bus Service) YBS page ကနေ တစ်ဆင့် တိုင်ကြားနိုင်ပြီး တိုင်ကြားချက်တွေ အားလုံးကို ချက်ချင်းအရေးယူ ဆောင်ရွက်ပေးသွားမယ်လို့ သိရပါတယ်။Source : MizzimaPhotos : YBS

ဘယ်ရည်းစားကို အချစ်ဆုံးလဲမောင်ရယ်

အချိန်မှာည၁၀နာရီခန့်ရှိပြီဖြစ်၍ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်စပြုနေပေပြီ။ကျော်ညွန့်တစ်ယောက်နေ့လည်ကကြည့်ခဲ့သောဗွီဒီယိုအောကားကိုပြန်သတိရပြီးလီး...